"ယနေ့ဆိုလျှင် အေအာတီဆေးအတွက် စောင့် နေရတဲ့ အေအိုင်ဒီအက်စ်လူနာတွေ မရှိတော့ပါဘူး၊ ဆေးယဉ်ပါးတီဘီရောဂါကုသမှုအတွက် ဆေးစောင့်ဆိုင်းနေရတဲ့ လူနာတွေလည်းမရှိတော့ပါဘူး။ ငှက်ဖျားရောဂါဖြစ် ပွားမှုဟာလည်းကျဆင်းလာပြီး မြန်မာနိုင်ငံမှာငှက်ဖျားရောဂါပပျောက်ရေးကို ဦးတည်ပြီးပိုဆောင်ရွက်လာနိုင်ပါပြီ။ အဲဒါတွေဟာ အေအိုင်ဒီအက်စ်၊ တီဘီ၊ ငှက်ဖျားရောဂါတွေရဲ့ ဝန်ထုပ်ဝန်ပိုးကိုလျှော့ချဖို့ဆိုတဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ရည်မှန်းချက်တွေကိုအကောင်အထည်ပေါ်အောင်ကမ္ဘာ့ရန်ပုံငွေအဖွဲ့ကထောက်ပံ့ခဲ့လို့ဖြစ်ပါတယ်။"ဟုကျန်းမာရေးဦးစီးဌာနရောဂါတိုက်ဖျက်ရေးဌာနမှညွှန်ကြားရေးမှူးဒေါက်တာသန္တာလွင်ကသင်တန်းသားများကိုပြောကြားသွားသည်။

|

|

|
Professor Dr Myint Han, Director General from the Ministry of Health delivers an opening speech. |
Participants of the training |
Deputy Minister, H.E. Dr Thein Thein Htay , MOH, together with Dr Attila Molnar, Programme Director, UNOPS |
၂၀၁၃ခုနှစ်စက်တင်ဘာလအတွင်းတွင်ကျင်းပခဲ့သောပြည်နယ်/တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာမှူးများသို့သင်ကြားပေးခဲ့သော၁၀ရက်ကြာငွေကြေးစီးဆင်းမှုဆိုင်ရာစံပြုလုပ်ထုံးလုပ်နည်းများသင်တန်းများနောက်တွင် ဆက်လက်၍ UNOPSသည် အမျိုးသားရောဂါတိုက်ဖျက်ရေးစီမံကိန်းများ( အေအိုင်ဒီအက်စ်၊ တီဘီ၊ငှက်ဖျား)တို့နှင့်ပူးပေါင်း၍"မြို့နယ်ကျန်းမာရေးဌာနများအပါအဝင်ကျန်းမာရေးစနစ်ကြီးတစ်ခုလုံးအားကောင်းခိုင်မာလာစေရန် အသိပေးစည်းရုံးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း သင်တန်း"ကိုကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုနှင့် အညီနေပြည်တော်တွင် ကျင်းပခဲ့သည်။
ဤသင်တန်းများကိုနေပြည်တော်တွင်၂၀၁၅ခုနှစ်မတ်လ၁၁ရက်မှ၃၁ရက်အတွင်းနှစ်ရက်ကြာသင်တန်းကိုးကြိမ်ဖွင့်လှစ်ခဲ့သည်။
ဤအသိပေးစည်းရုံးခြင်းနှင့်စွမ်းဆောင်ရည်တည်ဆောက်ခြင်းသင်တန်း၏ရည်ရွယ်ချက်မှာမြန်မာနိုင်ငံတစ်ဝန်းလုံး၏ကျန်းမာရေးစနစ်ကိုအားဖြည့်ရန်အတွက်ကျန်မာရေးဌာန၏မူဘောင်အတွင်းမှမြို့နယ်အဆင့်လုပ်ငန်းအားလုံးလွှမ်းခြုံသောစီမံချက်ရေးဆွဲရေး၊အင်အားတိုးမြှင့် လုပ်ဆောင်နိုင်ရေး၊တို့တွင်အသင့်ဖြစ်နေစေရန်အတွက်မြို့နယ်ကျန်မာရေးဦးစီးဌာနမှူးများကဲ့သို့သောရှေ့တန်းစီမံခန့်ခွဲသူများနှင့်၊ငွေကြေးစီးဆင်းမှုတွင်ပါဝင်ပတ်သက်နေ သောမြို့နယ်ငွေကိုင်စာရေးကြီးများတို့၏ငွေရေးကြေးရေးစီမံခန့်ခွဲမှုနိုင်စွမ်းကိုတည်ဆောက်ပေးရန်၊တိုးမြှင့် ပေးရန်ဖြစ်သည်။
၂ရက်ကြာသင်တန်းများကိုကိုးကြိမ်ကျင်းပပြီးဖြစ်သည်။သင်တန်းအကြိမ်အားလုံးကျင်းပပြီးလူ၁၀၀၀ခန့်ပါ၀င်ဆွေးနွေးတက်တရောက်ခဲ့ကြပြီးဤသင်တန်း၏အကျိုးကျေးဇူးကိုခံစားရမည်ဖြစ်သည်။ သင်တန်းသားတို့တွင်ပြည်နယ်/တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးများ၊ခရိုင်ကျန်းမာရေးဦးစီးဌာနမှူးများ၊ ခရိုင်ကျန်းမာရေးအရှိများ ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ မြို့နယ်ကျန်းမာရေးအရာရှိများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ မြို့နယ်တိုင်းမှငွေကြေးဆိုင်ရာစာရေးကြီးများပါဝင်ကြသည်။ ရောဂါသုံးမျိုး(အေအိုင်ဒီအက်စ်၊ တီဘီ၊ ငှက်ဖျား)မှဗဟိုအဆင့် အထက်တန်းအရာရှိများ၊ UNOPSမှ ဝန်ထမ်းများကသင်တန်းကိုပူးတွဲတာဝန်ယူပို့ချကြရာတွင်သင်တန်းသားတို့ကတက်ကြွစွာပါဝင်ဆွေးနွေးကြသည်။

|

|

|
Opening session of the training on Advocacy and Capacity Building on System Strengthening of Township Health Departments, Nay Pyi Taw, 11-12 March 2015
|
ဒုတိယဝန်ကြီးဒေါက်တာသိန်းသိန်းဌေးနှင့်ကျန်းမာရေးဦးစီးဌာန၏ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာမြင့်ဟန်တို့ကအဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ကျန်းမာရေးဝန်ကြီးဌာနမှဒုညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများ၊ပြည်နယ်/တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးများ၊ခရိုင်နှင့်မြို့နယ်ကျန်းမာရေးအရာရှိများသည် အေအိုင်ဒီအက်စ်၊ တီဘီ၊ ငှက်ဖျားရောဂါ အမျိုးသားစီမံကိန်းများမှတာဝန်ရှိသူများ၊ ကုလသမဂ္ဂဌာနများမှ လုပ်ဖော်ကိုင်ဖက်များနှင့်အတူဖွင့်ပွဲအခမ်းအနားများသို့တက်ရောက်ခဲ့ကြသည်။
အဖွင့်မိန့်ခွန်းတွင်ဒေါက်တာသိန်းသိန်းဌေးကကျန်းမာရေးဝန်ကြီးဌာန၏အဓိကရည်မှန်းချက်တစ်ခုဖြစ်သောကျန်းမာရေးစောင့်ရှောက်မှုလူတိုင်းလက်လှမ်းမီလွှမ်းခြုံရေးကို၂၀၃၀ပြည့်နှစ်တွင်ရရှိနိုင်ရေးအတွက် ကျန်းမာရေးဝန်ဆောင်မှုကိုအရေအတွက်ရောအရည်အချင်းပါတိုးတက်စေရန်နှင့်ကျန်းမာရေးစနစ်၏အဆင့်တိုင်းတွင်အားဖြည့်ပေးရန်အရေးကြီးမှုကိုအလေးအနက်ထားကာပြောကြားခဲ့သည်။
ထို့ပြင်မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်တွင်ကမ္ဘာကျန်းမာရေးအဖွဲ့ကချမှတ်ထားသောကျန်းမာရေးစနစ်တည်ဆောက်မှုအခြေခံမဏ္ဍိုင်ကြီး၆ခု၊ကမ္ဘာ့ဘဏ်အဖွဲ့မှချမှတ်ထားသောcontrolknobsစသဖြင့်ကျန်းမာရေးစနစ်တည်ဆောက်မှုကို တခုချင်းစီအလိုက် အားကောင်းခိုင်မာလာစေရန် အရေးပါပုံကို ဆွေးနွေးပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများအနေနှင့် နိုင်ငံတကာ စံနှုန်းများနှင့် အညီ၊ စီမံကိန်းစီမံခန့် ခွဲမှု၊ပစ္စည်းဝယ်ယူရေးနှင့်ထောက်ပံ့ရေးစီမံခန့်ခွဲမှု၊ငွေရေးကြေးရေးစီမံခန့်ခွဲမှု၊သတင်းအချက်အလက်စီမံခန့်ခွဲမှုစသည့်စီမံခန့်ခွဲမှုတို့ကိုကျွမ်းကျင်စွာ၊အရည်အသွေးပြည့်မီစွာဆောင်ရွက်နိုင်ရန်စွမ်းဆောင်ရည်တည်ဆောက်ပေးရန်ကိုလည်း မီးမောင်းထိုးပြခဲ့သည်။
UNOPSကမ္ဘာ့ရန်ပုံငွေမှစီမံကိန်းညွှန်ကြားရေးမှူးဒေါက်တာအတီးလားမောလနာကလည်းငွေကြေးစီးဆင်းမှုစီမံခန့်ခွဲနိုင်ရန်စံလုပ်ထုံးလုပ်နည်းများနှင့်၊မူဝါဒများကိုကောင်းစွာနားလည်သဘောပေါက်ရန်အရေးပါပုံကိုပြောကြားခဲ့သည်။၄င်းအပြင်ပိုမိုကောင်းမွန်သောစီမံခန့်ခွဲမှု၊ကြံ့ခိုင်သောအုပ်ချုပ်မှုစွမ်းရည်များ၊ငွေကြေးစနစ်များ၊ထိန်းချုပ်မှုများကိုတည်ဆောက်ရာတွင်အားဖြည့်ပေးရာတွင်ငွေကြေးစီးဆင်းမှုစနစ်နှင့်အတူစီမံခြင်း၊ဘတ်ဂျက်ရေးဆွဲခြင်း၊ထိန်းချုပ်ခြင်း၊အတည်ပြုခြင်း၊တာဝန်ခံမှုစနစ်များလုပ်ငန်းစဉ်များတို့ကိုလည်းသုံးစွဲရမည်ဖြစ်ကြောင်းဆက်စပ်တင်ပြသွားသည်။ထို့ပြင်မြန်မာနိုင်ငံအတွက်မြန်မာနိုင်ငံတွင်ယခုရရှိနေသောရန်ပုံငွေအမျိုးမျိုးစီမံကိန်းအမျိုးမျိုး၊၀ယ်ယူရေးစနစ်အမျိုးမျိုးတို့ကိုစနစ်တစ်ရပ်တည်းအဖြစ်ပေါင်းစပ်နိုင်ရန်အခြေခံအုတ်မြတ်ခိုင်မာစွာတည်ဆောက်အကောင်အထည်ဖော်ရာတွင်မည်သည့်စီမံကိန်းတွင်မဆိုဤစနစ်ကိုထည့်သွင်းအသုံးပြုနိုင်ကြောင်းကိုလည်းရှင်းပြခဲ့သည်။
ကျန်းမာရေးဦးစီးဌာနရောဂါတိုက်ဖျက်ရေးဌာနမှညွှန်ကြားရေးမှူးဒေါက်တာသန္တာလွင်ကယခုကဲ့သို့အမျိုးသားအဆင့်တပြည်လုံးအတိုင်းအတာဖြင့်ပြုလုပ်သောသင်တန်းများသည်၊ကျန်းမာရေးစနစ်ပိုမိုအားကောင်းခိုင်မာလာရန်၊ရရှိနေသောရန်ပုံငွေအမျိုးမျိုးကိုစီမံခန့်ခွဲနိုင်ရန်၊အလယ်တန်းနှင့်အထက်တန်းကျန်းမာရေးစနစ်စီမံခန့်ခွဲသူတို့ကိုနိုင်ငံတကာအဆင့်မီစီမံခန့်ခွဲနိုင်မူစွမ်းရည်များတိုးတက်စေရန်စီမံခြင်း၊ဘတ်ဂျက်ရေးဆွဲခြင်းအပါအဝင်ငွေရေးကြေးရေးစီမံခန့်ခွဲမှု၊စီမံကိန်းစီမံခန့်ခွဲမှု၊ပစ္စည်းဝယ်ယူရေးနှင့်ထောက်ပံ့ရေးစီမံခန့်ခွဲမှု၊သတင်းအချက်အလက်စီမံခန့်ခွဲမှု၊စောင့်ကြည့်အကဲဖြတ်ခြင်းစွမ်းဆောင်ရည်တို့တည်ဆောက်ပေးရာတွင်အရေးပါပုံကိုအလေးအနက်ရှင်းပြခဲ့သည်။
ကျန်းမာရေးဌာနမှအလယ်တန်းနှင့်အထက်တန်းကျန်းမာရေးစီမံခန့်ခွဲသူတို့၏စီမံခန့်ခွဲမှုစွမ်းရည်ပိုမိုအားကောင်းခိုင်မာလာခြင်းမှသည်ကျန်းမာရေးဝန်ကြီးဌာနကPRဖြစ်လာတဲ့အခါအဆင်သင့်ဖြစ်နေရန်ကိုလည်းရှင်းပြခဲ့သည်။
၂ရက်ကြာသင်တန်းတစ်ကြိမ်တိုင်းတွင်တင်ပြခြင်းအပြန်အလှန်ဆွေးနွေးခြင်းတို့အပြင်၊လုပ်ငန်းစီမံချက်ရေးဆွဲခြင်းဘတ်ဂျက်ရေးဆွဲခြင်းစီမံချက်ရေးဆွဲခြင်းစောင့်ကြည့်ခြင်းနှင့်အကဲဖြတ်ခြင်းတို့ကိုအုပ်စုလိုက်ဆောင်ရွက်ခြင်းတို့လည်းပါဝင်သည်။
အစိုးရ၏ငွေရေးကြေးရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းများကိုလည်းကျန်းမာရေးဝန်ကြီးဌာနဘဏ္ဍာရေးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးဝင်းဦးကတင်ပြခဲ့သည်။သင်တန်းသားများသည်ငွေစာရင်းရှင်းတန်းများ၊ တောင်းခံလွှာများပြီးပြည့်စုံမှု ရှိ/မရှိသိရှိရန်၊ လုပ်ငန်းစီမံချက်များရေးဆွဲရန်၊ တို့ကိုစံလုပ်ထုံးလုပ်နည်းများမူဝါဒများအတိုင်းလက်တွေ့ဖြည့်သွင်းလေ့ကျင့် ခွင့် များရခဲ့ကြသည်။
ဤအသိပေးစည်းရုံးခြင်းနှင့် စွမ်းဆောင်ရည်တည်ဆောက်ခြင်းသင်တန်းသည် တစ်နိုင်ငံလုံးရှိ ပြည်နယ်၊ တိုင်းဒေသ၁ရခုတို့မှ ၃၁၉ မြို့နယ်ကျော်ကိုကိုယ်စားပြုသောရှေ့တန်းကျန်းမာရေးဦးစီးဌာနများအပါအဝင် ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့်မှသင်တန်းသား၁၀၀၀ကျော်တို့တက်ရောက်ခဲ့သဖြင့် အကြီးအကျယ်အောင်မြင်ခဲ့သည်။
အေအိုင်ဒီအက်စ်၊တီဘီ၊ငှက်ဖျားရောဂါတို့ကိုတိုက်ဖျက်နေသောရှေ့တန်းကျန်းမာရေးဝန်ဆောင်မှုပေးသူများဖြစ်သည့်ကျန်းမာရေးအရာရှိတို့၏စီမံခန့်ခွဲရေးစွမ်းရည်ကိုမြှင့်တင်ခြင်းဖြင့်ကျန်းမာရေးဝန်ကြီးဌာနနှင့်UNOPSတို့လက်တွဲကာမြို့နယ်ကျန်းမာရေးဦးစီးဌာနများအပါအဝင်ကျန်းမာရေးစနစ်တခုလုံးပိုမိုအားကောင်းခိုင်မာလာစေရန်အားထုတ်မှုမှသည်ကြံ့ခိုင်သောကျန်မာရေးစီမံခန့်ခွဲမှုစနစ်များဖြစ်ထွန်းလာခြင်း၊ပိုမိုတာဝန်ခံနိုင်သည့်တာဝန်ယူနိုင်စွမ်းတိုးတက်လာခြင်း၊ကျန်မာရေးဝန်ဆောင်မှုပေးနိုင်စွမ်းတိုးတက်လာခြင်းဖြင့်အရည်အသွေးပြည့်မီသောကျန်းမာရေးစောင့်ရှောက်မှုမြန်မာနိုင်ငံတွင်လူတိုင်းလက်လှမ်းမီ လွှမ်းခြုံရေးသို့ အောင်မြင်စွာ ရှေ့တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။